This is span tag class This is span tag id -->

မင်းခိုင်မြဲ

Saturday 24 December 2011

အခန်းထောင့်က စိတ္တဇမော်ဒန် (သို့) ရင်ဘက်ထဲက စိတ္တဇ မော်ဒန်


မေ့နေကျန်တဲ့ သက္ကရာဇ်က~~

အခန်းထောင့်ကို ပြန်ရောက်နေတယ်~~

မုသာဝါဒတွေ နဲ့ ဖျားးးးယောင်သွေးးးဆောင်သူ~~~~~~

ကဗျာတစ်ပုဒ်ကို ခေါင်းစဉ်တက်ရမှာ~~

မနှစ်ခြိုက်တက်တဲ့ မင်းးးးအတွက်~~

မာနကို ကုန်ကြမ်းးးလုပ်

ရင်ကွဲတဲ့ပုံစံ ငါချမရေးနိုင်ခဲ့ပြန်ဘူးး

ချဉ်ခြင်းတက်နေရအောင်လဲ~~

တစ်ကိုက်တောင်မကိုက်ရသေးတဲ့~~

သစ်သီးရယ်ပါ~~

ရှေ့တိုးမဲ့ဆင် နောက် တစ်လှမ်းဆုတ်သလို့

ငါ မဖွဲ့ နွဲ့တတ်ဘူး……..

အလုံးအရင်းဆိုတာ အုပ်စုဖွဲ့ မိုက်ကျတာ~~

လမ်းဘေးက ကာရံတစ်ပုဒ်လောက်~~

ငါတန်ဖိုးမထားတက်ဘူးးး

လူ့ သမိုင်းကို မီးမောင်းထိုးပြတယ်ဆိုဘဲ

ကိုယ့်လက်ညိုး ကိုအရင်သတိထားပြီးးးး

အနောက်ကိုပြန်ကြည့်~~ခိုင်မာရဲ့လားးးး

ကိန်းးဂဏန်းတွေကြားးးမှာ~~

တစ်ချိန်ကလူ နင် သတ်ပုံမှားဘူးတယ်~~

ပျော့ကွက်ကိုထောက်ပြီးးးး

နောက်ကျောက ဓါးးးမိုးးးထားးတယ်~~

ပြေးပေါက်မရှိပါဘူးးးးငါထွက်ပေါက်တွေ့ ဖို့~~

ဦးနှောက်ကိုအလုပ်ပေးလိုက်တာ~~

မျက်နှာခြင်းဆိုင်ပြစ်လိုက်ဆိုဘဲ~~

မာန်မာနတစ်ခုကို မျက်နှာဖုန်းလုပ်ပြစ်လိုက်တော့~~

အချစ်အလွမ့်းသင့်စေမဲ့ အဆိပ်သင့်ပန်းချီတွေ~~

အခန်းထောင့်မှာ ကျန်နေတဲ့~~

စိတ္တဇမော်ဒန်အဖြစ်~~

တည်ရှိနေခဲ့သေးတယ် ယနေ့အထိ~~။

ဘာမှန်းညာမှန်းမသိပဲ အမှန်တရားကို

ငါလိုက်မရှာပါဘူး

မင်းမသိတဲ့ ငါ့ အမှန်တရား

ငါ့ရင်ဘတ်ထဲမှာ ရှိနေတယ်……။


     ချစ်ခင်လေးစားလျက်~~~~




                       ဂျစ်ပစီ  မင်းမင်း နှင့် မုတ်သုံ

Monday 19 December 2011

"ဂျစ်ပစီတို့ရဲ့ဟာမိုနီ"

နုံအအ နုလုံးသားက

ရဲရင့်တဲ့ ခံစားချက်နဲ့

မွေးဖွားလိုက်တယ် အချစ်တဲ့

အဆိပ်အတောက်တော့ မဟုတ်ပေမယ်

ငါ

ရူးလုလု ဖြစ်သွားခဲ့ပေါ့

အသဲကွဲတဲ့ ဒဏ်ရာတဲ့လား

မရဲတရဲ ငါခံစားတာမှမဟုတ်ခဲ့တာ

နင်ပေးတဲ့ချစ်ခြင်းတွေနဲ့ပျိုမြစ်ခဲ့တဲ့

ငါ့နှလုံးသား

ရဲရဲလဲ အခုငါခံစားမယ်

အချစ်ဆိုတာ ပုံသေးနည်းတစ်ခုမဟုတ်ပေမယ့်

ငါ့ကျမှဘာကြောင့်ထပ်ခါကွဲရတာလဲ

ဟုတ်ပါတယ် ငါ ဂျစ်ပစီပါ

ခပ်အအ အချစ်တွေနဲ့

ကိုယ့် နှလုံးသားပေါ်မှာ

ခြေသလုံးအိမ်တိုင်အဖြစ်

လျှောက်သွားနေမိတယ်

အဲ့ဒီတော့

မင်းအချစ်နဲ့ပျိုမြစ်ခဲ့သူငါ

နောင်တနေ့  နင်မေ့မှာသိရက်

အဆိပ်တတ်နေတဲ့ ငါ့အသိ

ဆူးတွေလိုညှိနေလည်း

မရေရာခြင်းတွေ ရင်မှာပိုက်

လွမ်းလိုက်အုံးမယ်

အချိန်တန် နင်ပြန်မလာပေမယ့်

အသဲကွဲကဗျာတွေရေးရင်း

တိတ်တိတ်လေး ငါနေပေးမယ်..

ခွင့်ပြုတယ် ခွင့်လွှတ်တယ်

ဇာတ်သိမ်းမကောင်းတဲ့ ဇာတ်ညွှန်းကို

ရူးရူးမိုက်မိုက် ဒီဂျစ်ပစီ က

မိုးအလင်းကချင်နေမိတယ်

ဘာရယ်တော့ မဟုတ်ပါဘူး

သတိရတဲ့ အခါထုတ်ကြည့်လို့

ရတာပေါ့

အချစ်ဆိုတာ......ရယူခြင်းမဟုတ်ဘူးလို့..ငါခံယူထားတယ်.......

မင်းပေးတဲ့အသည်းကွဲခြင်းကိုငါ  

တရှိုက်မက်မက်ခံစားရင်း...

မင်းပျော်ရွှင်ဖို့ငါဆုတောင်းပေးမယ်.....

မင်းနဲ့မှဖြစ်တည်တဲ့ ငါ့နှလုံးသား

နူးညံ့စွာချစ်ခဲ့ပေမဲ့

ကြမ်းတမ်းစွာတိုက်ခဲ့တဲ့ အချစ်လှိုင်း

တိုက်စားပါများလို့လား

နာမှန်းသိလဲ ဇွတ်မှိတ်လို့

တွယ်တာမှုတွေပိုတိုး

အလွမ်းမိုးတွေ ညတိုင်းရွာ

ငါ့ရင်မှာ အမှတ်တဲ့မဲ့မဟုတ်တဲ့

အမှတ်တရတွေနဲ့ ဖြေသာခဲ့ပါတယ်

လွတ်လပ်စွာ ထွက်သွားတော့ ချစ်သူ

ငါချစ်တက်ခဲ့ပြီလေ

ကြယ်တာယာတွေလင်းပေမဲ့

လမင်းမသာဒီညမှာ

အချစ်နဲ့ငါ့ကိုမှောင်မိုက်ချင်းမှာ

ချစ်ရသူနင်ထားခဲ့ပေမဲ့

အပစ်မဖွဲ့သူငါ့နှလုံးပျက်သုန်းသွားပါစေ

ငါသေတာတောင် ပြုံးနေအုံးမယ်~~

နင်မရှိမှတော့ အလွမ်းရဲ့တောမှာလဲ

ငါပျော်နေရဲတယ်လေ

နင်သင်ပေးတဲ့ အချစ်တွေ

တစ်ပွေ့ တစ်ပိုက်နဲ့ပေါ့နော်

ဒါကြောင့်

ဖြစ်နိုင်မယ်ဆိုရင်

သတိရတဲ့ အကြောင်းငါ

မသိပါရစေနဲ့

အဲ့ဒီအကြောင်းကြားလိုက်ယုံနဲ့

ငါ သေ..လို့...ရ...တယ်

@@@@@@@@@@@@@@@@@@@



မုတ်သုံ/နိုးမ/ဂျစ်ပစီ မင်းမင်း/အောင်မင်းထွန်း

တို့ ခံစားတင်ပြပါသည်။


Monday 14 November 2011

**ရင့်ကျက်ခဲ့တဲ့ ဂျစ်ပစီ**

ဘေးခေါက်ထားလိုက်ပါငယ်ချင်းရာ

အချစ်ဆိုတာကိုထည့်ကြည့်စရာ~~

နှလုံးသားလဲမရှိတော့ပါဘူး~~

ငဲ့ကြည့်စရာ ရှိတဲ့လူလဲ~~

အဝေးထွက်သွားပြီလေ~~

အဲ့တော့ အချစ်ဆိုတာလဲ~~

လှည့်မကြည့်ပါရစေနဲ့~~

တစ်ချိန်ကနှလုံးသားရဲ့~~

ချစ်ခြင်းတွေမှာ~~

ယခုတော့ စစ်တလင်းတွေဖြစ်လို့~~

ဒီလိုနဲ့ ဘ၀မှာလဲ ရင့်ကျက်~~

နှလုံးသားလဲတစ်ဆင့်တက်ပြီး~~

မချစ်တက်ခဲ့တော့ပြန်ဘူးလေ~~

အလွမ်းတွေလဲမရေမရာနဲ့~~

လမ်းဟောင်းလေးလောက်ဘဲ~~

အဆွေးသီချင်းတစ်ပုဒ်~~

နုတ်ထုတ်ပီးဆိုရသလောက်ဘဲ~~

ငါ~~feelရှိတော့တယ်~~

တစ်ကယ်တန်းတော့~~

မပူပြင်းတော့တဲ့ အပူမီးလေး~~

သူမကိုတစ်ခါလောက်ပြန်တမ်းတကြည့်တာ~~

မပူရတာကြာလို့ ပြန်ပြန်ဆွေးကြည့်တာ~~

လမ်းပျောက်မှာကြောက်လို့~~

လမ်းဖောက်ခဲ့တဲ့ ငါ့ကို~~

ရှေ့မဆက်နိုင်အောင်ပြုလုပ်ခဲ့တာ~~

ချစ်ခြင်းမုန်းခြင်းနဲ့သူပြုစားလဲ~~~

အခုချိန် သူလူတောင်မှားသွားမယ်~~

ကျွန်တော်ဟာ ဂျစ်ပစီဖြစ်ခဲ့ပြီလေ~~

မေတ္တာထားသလိုလိုနဲ့~~

ရှောင်ခွာပြေး~~ဒီဂျစ်ပစီမှာ~~

အရင်ကလောက်တော့မဆွေးတော့ဘူးလေ~~

အသဲချေမှာ သံမှိုရိုတ်လို့~~

ယခင်က မိုက်ဇာတ်~~

ယခု ဂျစ်ပစီလက်ထက်မှာတော့~~

ဧဒင်ဆိုတဲ့ဥယာဉ်လဲမရှိတော့ဘူး~~

အာဒံနဲ့ဧ၀ဆိုတဲ့~~

နင်နဲ့ငါဆိုတာလဲ~~

မရှိသလောက်ပါဘဲ~~

အလွမ်းတွေကတောက်ကစနဲ့~~

မပြီးမြောက်ခဲ့တဲ့လမ်းလေးလဲ~~

ငါဆက်မဖောက်တော့ပါဘူးကွယ်~~

ကျောက်တူးသမားလိုဘဲ~~ဒီတွင်းမရရင်း

နောက်တစ်တွင်းပေါ့~~မိန်းခလေးရယ်~~

ငါဟာအခုတော့ ဂျစ်ပစီပေါ့~~။