This is span tag class This is span tag id -->

မင်းခိုင်မြဲ

Monday 19 December 2011

"ဂျစ်ပစီတို့ရဲ့ဟာမိုနီ"

နုံအအ နုလုံးသားက

ရဲရင့်တဲ့ ခံစားချက်နဲ့

မွေးဖွားလိုက်တယ် အချစ်တဲ့

အဆိပ်အတောက်တော့ မဟုတ်ပေမယ်

ငါ

ရူးလုလု ဖြစ်သွားခဲ့ပေါ့

အသဲကွဲတဲ့ ဒဏ်ရာတဲ့လား

မရဲတရဲ ငါခံစားတာမှမဟုတ်ခဲ့တာ

နင်ပေးတဲ့ချစ်ခြင်းတွေနဲ့ပျိုမြစ်ခဲ့တဲ့

ငါ့နှလုံးသား

ရဲရဲလဲ အခုငါခံစားမယ်

အချစ်ဆိုတာ ပုံသေးနည်းတစ်ခုမဟုတ်ပေမယ့်

ငါ့ကျမှဘာကြောင့်ထပ်ခါကွဲရတာလဲ

ဟုတ်ပါတယ် ငါ ဂျစ်ပစီပါ

ခပ်အအ အချစ်တွေနဲ့

ကိုယ့် နှလုံးသားပေါ်မှာ

ခြေသလုံးအိမ်တိုင်အဖြစ်

လျှောက်သွားနေမိတယ်

အဲ့ဒီတော့

မင်းအချစ်နဲ့ပျိုမြစ်ခဲ့သူငါ

နောင်တနေ့  နင်မေ့မှာသိရက်

အဆိပ်တတ်နေတဲ့ ငါ့အသိ

ဆူးတွေလိုညှိနေလည်း

မရေရာခြင်းတွေ ရင်မှာပိုက်

လွမ်းလိုက်အုံးမယ်

အချိန်တန် နင်ပြန်မလာပေမယ့်

အသဲကွဲကဗျာတွေရေးရင်း

တိတ်တိတ်လေး ငါနေပေးမယ်..

ခွင့်ပြုတယ် ခွင့်လွှတ်တယ်

ဇာတ်သိမ်းမကောင်းတဲ့ ဇာတ်ညွှန်းကို

ရူးရူးမိုက်မိုက် ဒီဂျစ်ပစီ က

မိုးအလင်းကချင်နေမိတယ်

ဘာရယ်တော့ မဟုတ်ပါဘူး

သတိရတဲ့ အခါထုတ်ကြည့်လို့

ရတာပေါ့

အချစ်ဆိုတာ......ရယူခြင်းမဟုတ်ဘူးလို့..ငါခံယူထားတယ်.......

မင်းပေးတဲ့အသည်းကွဲခြင်းကိုငါ  

တရှိုက်မက်မက်ခံစားရင်း...

မင်းပျော်ရွှင်ဖို့ငါဆုတောင်းပေးမယ်.....

မင်းနဲ့မှဖြစ်တည်တဲ့ ငါ့နှလုံးသား

နူးညံ့စွာချစ်ခဲ့ပေမဲ့

ကြမ်းတမ်းစွာတိုက်ခဲ့တဲ့ အချစ်လှိုင်း

တိုက်စားပါများလို့လား

နာမှန်းသိလဲ ဇွတ်မှိတ်လို့

တွယ်တာမှုတွေပိုတိုး

အလွမ်းမိုးတွေ ညတိုင်းရွာ

ငါ့ရင်မှာ အမှတ်တဲ့မဲ့မဟုတ်တဲ့

အမှတ်တရတွေနဲ့ ဖြေသာခဲ့ပါတယ်

လွတ်လပ်စွာ ထွက်သွားတော့ ချစ်သူ

ငါချစ်တက်ခဲ့ပြီလေ

ကြယ်တာယာတွေလင်းပေမဲ့

လမင်းမသာဒီညမှာ

အချစ်နဲ့ငါ့ကိုမှောင်မိုက်ချင်းမှာ

ချစ်ရသူနင်ထားခဲ့ပေမဲ့

အပစ်မဖွဲ့သူငါ့နှလုံးပျက်သုန်းသွားပါစေ

ငါသေတာတောင် ပြုံးနေအုံးမယ်~~

နင်မရှိမှတော့ အလွမ်းရဲ့တောမှာလဲ

ငါပျော်နေရဲတယ်လေ

နင်သင်ပေးတဲ့ အချစ်တွေ

တစ်ပွေ့ တစ်ပိုက်နဲ့ပေါ့နော်

ဒါကြောင့်

ဖြစ်နိုင်မယ်ဆိုရင်

သတိရတဲ့ အကြောင်းငါ

မသိပါရစေနဲ့

အဲ့ဒီအကြောင်းကြားလိုက်ယုံနဲ့

ငါ သေ..လို့...ရ...တယ်

@@@@@@@@@@@@@@@@@@@



မုတ်သုံ/နိုးမ/ဂျစ်ပစီ မင်းမင်း/အောင်မင်းထွန်း

တို့ ခံစားတင်ပြပါသည်။