This is span tag class This is span tag id -->

မင်းခိုင်မြဲ

Saturday 11 February 2012

"သူမအတွက် ထပ်တိုးလာသော ရောဂါ"

နှလုံးသားထဲမှာ ဖိုသီဖတ်သီနဲ့

ဘာဖြစ်နေမှန်းကိုမသိဘူး....

ရင်ဘတ်ထဲက အစအနတွေကို

ရေးဟန်တစ်ခု နဲ့ ကော်ပီကူးသလို

တုနှိုင်းမရတာ ဒီတစ်ခါထဲရယ်

ငါလိုကဗျာရူးတစ်ယောက်အတွက်

အတင်းလုပ်ယူချက်ဆိုတာ

စိတ်ထဲတောင်မရှိပါဘူး

ဘာကြောင့် ဒီလောက်ထူအအဖြစ်သွားတာလဲ...။

အချစ်အကြောင်းလား..

အမုန်းအကြောင်းလား..

မာန်မာနအကြောင်းလား..

ကိုရွှေအတ္တအကြောင်းလား...

ထပ်ဆင့်ပြီး

မောင်ချောနွယ်ကြောင့်လား..

သစ္စာနီကြောင့်လား..

ဒီလူ(တောင်တွင်းကြီး)ကြောင့်လား..

အစ်မတော်အိပ်မက်ကိုးကြောင့်လား..

ကိုလင်းညိုသွေးကြောင့်လား..

ငါ့မြင်ဆရာမောင်လှမျိုးကြောင့်လား..

အဲ့ဒီ "လား" ပေါင်းများစွာထဲမှာ

တိုးလျှိုးပေါက်မရှိတဲ့ နှလုံးသားကို

ဘယ်အချိန်ကမှန်း မသိဝင်သွားတဲ့

ချစ်သူရှိတဲ့ သူမလေးကြောင့်ဖြစ်မယ်။

သောက်ရမ်းကြီး ချစ်တယ်..

သေချာတယ်...

ဒီဝါကျနဲ့တာင်မလုံလောက်ပြန်ဘူး..

သွားပြီ..ရူးသွားပြီ

ဟာ....

ရူးသွားပါပြီဆိုမှ

ဒီရင်ဘက်ကဘာဖြစ်နေတာလဲ..

ဘ၀နာခဲ့ဖူးတဲ့ ရင်ဘတ်တွေကိုပဲ

စိတ်ဝင်စားတဲ့ငါအတွက်..

ဘ၀တောင်ကို တန်ချိန်လွန်ကုန်ကားလို

မနက်လင်းတိုင်းခရီးဆက်တဲ့ ငါ့အတွက်..

မနက်ဖြန်တိုင်းအတွက်

ဗေဒင်မမေးချင်တဲ့ ငါ့အတွက်..

ပုံမှန်ဝင်ငွေကိုပဲ

တွယ်တာလွန်းတဲ့ ငါ့အတွက်..

မချစ်ရသေးဘူး..အလွမ်းတစ်ခုက

နှလုံးသားကို ပီသစွာ

ဖြစ်ညှစ်နေပြီ...

ထုထည်ကြီးမားတဲ့ ဒီဖြစ်ရပ်တွေအတွက်

ငါ့အခန်းနံရံထက်မှ~~

အလွမ်းတွေ အငွေ့ပျံတက်သွားစေချင်ပါရဲ့..

ဒီမယ်..ငါ့အိမ့်မက်ခလေးရေ...

 အမိအတွက်...ရောဂါတစ်ခု

ကျုပ်ခန္ဓာမှာ ဆွဲကပ်ခံလိုက်ရတယ်...။   ။


                                                မင်းခိုင်မြဲ