This is span tag class This is span tag id -->

မင်းခိုင်မြဲ

Wednesday 21 March 2012

"မျက်နှာဖုံးနဲ့ ကံ့ကော်"


စိတ်တော့မရှိနဲ့ ကံ့ကော်ရေ

အိပ်ရာကနိုးတိုင်း ကိုယ့်စိတ်တွေကို

ဓါးနဲ့ထိုးပြစ်ချင်စိတ်ဖြစ်ပေါ်နေပြီ။


ဘ၀ကို လည်းဈေးမဆစ်ချင်တော့ဘူး

ကြိုက်ရောင်းကြိုက်ဝယ် စိတ်ဓါတ်ရှိရင်

ဘာလို့များ ဒီဂိုးကို ကန်ချက်ပြင်းပြင်းနဲ့

ထောင့်ကျကျ ဂိုးအောင်ကန်ခဲ့သလဲ။


ပြစ်စားမထိုးထားတဲ့ ခေါင်းမိုးကို

ရင်ဘတ်ပေါ်တင်ချစ်သွားသလိုမာယာပါတဲ့

အားလုံးဟာ ဟာသပါပဲတဲ့

မျက်မမြင်တစ်ယောက်ရဲ့ပဟေဠိဆန်တဲ့မေးခွန်းပဲတဲ့။


ဟေ့..ဒီမှာသူစိမ်း

ကံကော်ရိပ်က ကဗျာတစ်ပုဒ်

ခြံရံမလာမိတဲ့မာန

တစ်ညလုံးပြုံးနေတဲ့ လမင်း

ဂစ်တာတစ်လက်နဲ့ ငှက်တစ်ကောင်

ကဗျာနံပဲရတဲ့ ဗလာလူ

ထိုသူအသဲကို ဘာကြောင့်စစ်မကြေညာပဲ

ရိုတ်ခွဲသွားတာလဲ


မျက်လုံးဖွင့်မှုတိုင်း ခုန်ခုန်ဝင်စောင့်နေတာလဲ

ဆားပက်ခဲ့ပြီး ပက်ကြားအက်ခဲ့စေတာလဲ။


မှတ်ဥာဏ်အသီးသီးလဲ ဆွဲစုတ်ချင်စရာရယ်

နှလုံးသားကလဲ နှားစေး၊ချောင်းဆိုးနဲ့

ငါကိုယ်တိုင်ကိုလမ်းမှားနေသော ဆင်ပဲ

ပိန်လိုက်ဖောင်းလိုက် စိတ္တဇပဲ


မျက်လုံးရှိပြီး မမြင်တတ်သော ငကန်းပဲ။


ငါကတော့ ငါ့လွတ်လပ်မှုနဲ့ငါ ပွင့်လင်းလို့

အိပ်ရာထအခင်းအကျင်းတွေလဲ တယုတယစုတ်ကိုင်လို့

ကိုယ့်အနာနဲ့ကိုယ်  ဆေးမတည့်လို့

ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်နားထိုင်းလို့။

ကဗျာတွေကြီးပဲ မွေးထုတ်လိုက်တယ်။


ဟူး...........

ကံ့ကော်ရေ...

အခုဒီကဗျာလဲ မာန်မာနလိုလိုနဲ့    

ပြင်းပြင်းထန်ထန်ကြီး ရင်ကွဲနေပါပေါ့လား။            ။

                                               မင်းခိုင်မြဲ

ကမ္ဘာကဗျာများနေ့ အမှတ်တရ..

Thursday 15 March 2012

"စိတ်ဓါတ်ကို ကြက်ခြေခက်ခြင်း"

နေထွက်ပြီး နေ၀င်သွားတဲ့ မြစ်ကမ်းဘေးမှာငါ့ကိုယ်ငါချရပ်လိုက်တယ်။

ဒီနေ့နဲ့မနက်ဖြန်မှာ ကိုယ်တိုင်စာတတ်ပြီး ဘာလို့စာမတတ်မှုဖြစ်နေတာလဲ။

ကိုယ်တိုင်သိမ်မွေ့သလိုလိုနဲ့ဘာလို့ရိုင်းဆိုင်းသွားတာလဲ။

ဟော........

တတိယနိုင်ငံရေးသမားတဲ့ ခပ်ရိုင်းရိုင်းနှုတ်ဆက်လိုက်တယ်။

မင်္ဂလာပါလူကြီးမင်းခင်ဗျာ...

ကိုယ်ထူကိုယ်ထအိမ့်မက်တွေကို အာခေါင်ခြစ်အော်ဖူးပါသလား။

ပညာတတ်ဆန်ဆန်လာဘ်စားမှုကို ခွဲခြားတတ်ပြီလားး။

အမြင်မတူတာနဲ့တွေ့ရင် အတ္ထုပ္ပတ္တိစ/ဆုံး လုံးစေ့ပတ်စေ့လေ့လာဖူးပြီလား။

မာတင်လူသာကင်း ရဲ့ စာတိုပေစတွေ ဖတ်ဖူးပြီလားးး။

ကိုယ်သေတဲ့အခါ ကိုယ့်သမိုင်းကောင်းဖို့ဆိုးဖို့ မျှော်ကြည့်ဖူးပါသလား။

နိုင်ငံရေးမေးခွန်းအချို့ကို ဆိုလိုရင်းခွဲခြားတတ်ပြီလား။

စစ်ပွဲကြားက အားငယ်မှုတွေရဲ့ ရည်ရွယ်ချက်ကို

လေ့လာဖူးပြီလား.....။

ဖော်ညွှန်းပြီးဆက်မပြောတော့ဘူး။

မျိုးဆက်တစ်ခုကို ယုံကြည်ရင် မျိုးဆက်တစ်ခုလိုယဉ်ကျေးဖို့လိုလိမ့်မယ်။

အချိန်ကာလကို ခြုံငုံပြီး ခိုင်မာမှုကို မွေးထုတ်မပေးနိုင်တဲ့အထဲမှာ

ငါ့ကိုလူအဖြစ်ထုဆစ်ထားတဲ့ နိုင်ငံလည်းပါတယ်လို့ ငါပြောတယ်။

ခေတ်ဆိုတာကြီးကိုကြည့်ပြီး မေတ္တာတရားတွေလဲ မှေးမှိန်ကုန်ပြီ။

အရောင်တွေထဲက မေးခွန်းအချို့ကို အနုပညာအဖြစ် မဖန်တီးနိုင်သေးဘူး။

21ရာစုနာရီသံဟာ နိုက်ကလပ်ကတေးသံကိုစည်းချက်လိုက်နေတယ်။

ကျော်ကြားမှုကို မ၀တ်ဆင်ဖို့ ကမ္ဘာကြီးက ငါ့ကိုအမဲလိုက်နေပြီ။

ဒီလိုနဲ့ ကိုယ့်စိတ်ဓါတ်ကိုယ် ငုံ့အသွေးမှာ အားလုံးကငါ့ကိုကြက်ခြေခက်ပြစ်လိုက်တယ်။

                                                                                                      မင်းခိုင်မြဲ

Wednesday 14 March 2012

“ သို့ ပါတ်ဝန်းကျင် နှင့် ကံဆိုသောအရာသိစေရန် ”

မင်းနာကျင်စမ်း....နာကျင်ရမယ်.....မင်းသေလိမ့်မယ်.....မင်းနာကျင်စမ်း

အခွေဖွင့်လိုက်ဧ။်
တိပ်ရဲ့ရစ်သံလား ဘေးနားကလူများရဲ့ဆူသံလားး
နားထဲမှာ အားလုံးအထွေးလိုက်ပဲ စိတ်တွေမတည်ငြိမ်သေးသ၍

အဖေ နှင့် အမေ အစ ကျွန်တော့်အမျိုးများ အမှုးပြုပီး
သီးသန့်တိုက်တာများနှင့် သီးသန့်မြို့ကြိးများး ။
ကောက်ကွေ့မနေသောမြစ်များ ၊ ပင်လယ်ဖျံများ
ဧရာဝတီလင်းပိုင်များ ၊ ယဉ်ထိန်းရဲဘော်များ
ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများခင်ဗျား
ကျွန်တော်ထင်မှတ်ထားသမျှအရာအားလုံး
ဘာလို့များ ပျောက်ဆုံးနေပါသလဲ
အထူးသဖြင့်ပေါ့..
တသီးတသန့် ၊ထူးထူးရှယ်၊ ကောင်းကောင်းမွန်မွန်၊ အကောင်းစား
အဲ့စကားလုံးတွေ အဲဒီ့အသုံးအနှုန်းတွေ ဘာလို့များ ဘာကြောင့်များ
ဝေးကွာနေရပါသလဲ ...... မှော်ကြိမ်လုံးတစ်လုံးရရင်
ဟယ်ရီပေါ်တာလို “ဆက်တန်ဆပ်ပရာ”   လို့ ငါအော်ဟစ်ပြီး
ကျိန်မယ်.............။
အတွေးတွေမပေါက်သ၍ ပေါ့  စကားလုံးတွေဖုန်တက်နေသ၍ပေါ့
ကဗျာကိုဘယ်လိုရေးရမလဲ သေချာမသိသေးသ၍ သဖြင့်ပေါ့ စသည်ဖြင့်ပေါ့
ဘတ်စ်ကားများနဲ့ လူမဆန်နေသ၍ အသက်ကြီးတာနဲ့အချိန်စီးတယ်လို့ထင်နေသ၍
လောကသြ၀ါဒများ စာတတ်သည် ဟု ဆိုသော စာ မတတ်မှုများ
ပေးဆပ်မှု ၊သူရဲကောင်းဆန်မှု၊ လင်ငယ်မယားငယ်မှု နှင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမှု
အဲ့ဒါတွေကိုပါ ကျိန်မယ်
ပါတ် ၀န်း ကျင်  ကံတရား ပီးတော့ အကြောင်းအရာများ..
`မင်းနာကျင်စမ်း....နာကျင်ရမယ်.....မင်းသေလိမ့်မယ်.....မင်းနာကျင်စမ်း´။

                                                                မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)
လုပ်ပြစ်လိုက်စမ်းပါ လုပ်ပြစ်လိုက်
ထွေရာလေးပါးတွေကြားမှာ
နာကြားခြင်းဆိုတာကို ဘောင်တစ်ခုနဲ့ပိတ်မခက်ထားဘူးးး
သံဇာကာပေါက်ကြားကအမြင်နဲ့
ငါ့စကားလုံးတွေ ကြည့်တက်မှလည်း တောက်ပြောင်မှုဆိုမြင်မယ်
ကဲ....ကျုပ်ကျိန်ဆိုခဲ့တယ်..
စတီးခ၇ာသံအဆုံးမှာ အိမ်အတွက်ထမင်းဖိုးရှာခြင်း

ရုပ်တည်နဲ့ အခွန်စားဖို့ ရုံးရှေ့ဆိုင်းဘုတ်ချိတ်ခြင်း
ကဲ နောက်ဆုံးတစ်ခုကတော့

ကိုယ့်လူမျိုးပါးတစ်ချက်အရိုတ်ခံရမှာ
သုံးရက်လောက်နေမှ ဘာဘာညာညာဟိတ်ဟန်သုံးခြင်း

ဒီလိုနဲ့ မှောက်ခုံဖြစ်နေတဲ့မြန်မာပြည်ဟာ

ပက်လက်လှန်ဖို့ကြိုးစားးးရင်းးးးး

မှောက်ခုံကမှောက်ခုံဖြစ်ခြင်းးးတွေပါကျိန်ဆိုခဲ့လိုက်တယ်

မင်းနာကျင်စမ်းးးးးနာကိုနာကျင်ရမယ်..မင်းသေလိမ့်မယ်...မင်းနာကျင်းစမ်းးး

အဲ့ဒီဝါကျအဆုံးမှာ ရန်ကုန်ဟာ စင်္ကာပူလို ငြိမ်းချမ်းလင်းလတ်
ခက်ရွဲ့ရွဲ့နဲ့အိပ်စက်သွားးးးတယ်....။
                   မင်းခိုင်မြဲ(ကွမ်းခြံကုန်း)