This is span tag class This is span tag id -->

မင်းခိုင်မြဲ

Monday 30 January 2012

"ငိုခြင်းဖွဲ့ အခန်းဆက်"

အမုန်းစစ်တလင်းကြားမှာ

ငါသံမဏီကျောက်ရုပ်လိုထိုင်ငေး

တိုးဖွဖွနဲ့ နိုးနိုးကြားမဟုတ်တဲ့

အသံအားက ရှင်လျှက်

နောက်တစ်ခါလိုက်ဖို့ခေါ်နေပြီ....။

အချစ်လားးးးးးအမုန်းလားးးးးး

ထသွားးချင်တာလားးးးထိုင်နေချင်တာလားးးး

စိတ်တွေဗြောင်းပြန်ဖြစ်နေလားးး

မတည်ငြိမ်မှုတွေကြားမှာခပ်ခါးခါးအကြည့်နဲ့

ပန်းတွေကြားက သူမရယ်ပြတယ်~~~~။

လှေနံဓါးထစ် ယုံကြည်မိတဲ့ အဖြစ်
ဘေးကြပ်နံကြပါ အခန်းဆက်မှာ ကပြအသုံးတော်ခံဖို့ 

မျက်ဝန်းက စကားပြောတယ်

လေစိမ်းတွေတိုက်နေတဲ့  ရင်ဘတ်ကြီးထဲကို

ငိုခြင်းဖွဲ့  မေတ္တာတွေ

မုန်တိုင်တွေ ပစ်မသွင်းလိုက်နဲ့ 

ယိုင်နဲ့ နဲ့  ခြေလှမ်းတွေ
မှားသွားမှာစိုးလို့ ......။
ဒါပေမယ့် ..........

ရင်ထဲမှာ အလွမ်းတွေအရောင်ရင့်ရင့်နဲ့~~

ကျကျန်ပြီးသားနေ့စွဲတွေ

အစာသွပ်ခံလိုက်ရတယ်~~

ပျံဝဲနေတဲ့ တိမ်တိုက်တွေကြားမှာ

ငါထုဆစ်ထားတဲ့အိမ့်မက်တွေ

အထွေးလိုက်ပါသွားခဲ့ပြီ~~
လွဲတတ်တဲ့ကံတရားက

အတ္တခါးခါးအပိုဆောင်းထည့်ပေးလိုက်တယ်~~~~။         ။
..........................................................
နှိုင်းမရမင်းခိုင်မြဲ(ကွမ်းခြံကုန်း)
လေးစားလျက်~~
ပျော်ရွှင်ပါစေဗျာ....