This is span tag class This is span tag id -->

မင်းခိုင်မြဲ

Wednesday 14 March 2012

“ သို့ ပါတ်ဝန်းကျင် နှင့် ကံဆိုသောအရာသိစေရန် ”

မင်းနာကျင်စမ်း....နာကျင်ရမယ်.....မင်းသေလိမ့်မယ်.....မင်းနာကျင်စမ်း

အခွေဖွင့်လိုက်ဧ။်
တိပ်ရဲ့ရစ်သံလား ဘေးနားကလူများရဲ့ဆူသံလားး
နားထဲမှာ အားလုံးအထွေးလိုက်ပဲ စိတ်တွေမတည်ငြိမ်သေးသ၍

အဖေ နှင့် အမေ အစ ကျွန်တော့်အမျိုးများ အမှုးပြုပီး
သီးသန့်တိုက်တာများနှင့် သီးသန့်မြို့ကြိးများး ။
ကောက်ကွေ့မနေသောမြစ်များ ၊ ပင်လယ်ဖျံများ
ဧရာဝတီလင်းပိုင်များ ၊ ယဉ်ထိန်းရဲဘော်များ
ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများခင်ဗျား
ကျွန်တော်ထင်မှတ်ထားသမျှအရာအားလုံး
ဘာလို့များ ပျောက်ဆုံးနေပါသလဲ
အထူးသဖြင့်ပေါ့..
တသီးတသန့် ၊ထူးထူးရှယ်၊ ကောင်းကောင်းမွန်မွန်၊ အကောင်းစား
အဲ့စကားလုံးတွေ အဲဒီ့အသုံးအနှုန်းတွေ ဘာလို့များ ဘာကြောင့်များ
ဝေးကွာနေရပါသလဲ ...... မှော်ကြိမ်လုံးတစ်လုံးရရင်
ဟယ်ရီပေါ်တာလို “ဆက်တန်ဆပ်ပရာ”   လို့ ငါအော်ဟစ်ပြီး
ကျိန်မယ်.............။
အတွေးတွေမပေါက်သ၍ ပေါ့  စကားလုံးတွေဖုန်တက်နေသ၍ပေါ့
ကဗျာကိုဘယ်လိုရေးရမလဲ သေချာမသိသေးသ၍ သဖြင့်ပေါ့ စသည်ဖြင့်ပေါ့
ဘတ်စ်ကားများနဲ့ လူမဆန်နေသ၍ အသက်ကြီးတာနဲ့အချိန်စီးတယ်လို့ထင်နေသ၍
လောကသြ၀ါဒများ စာတတ်သည် ဟု ဆိုသော စာ မတတ်မှုများ
ပေးဆပ်မှု ၊သူရဲကောင်းဆန်မှု၊ လင်ငယ်မယားငယ်မှု နှင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမှု
အဲ့ဒါတွေကိုပါ ကျိန်မယ်
ပါတ် ၀န်း ကျင်  ကံတရား ပီးတော့ အကြောင်းအရာများ..
`မင်းနာကျင်စမ်း....နာကျင်ရမယ်.....မင်းသေလိမ့်မယ်.....မင်းနာကျင်စမ်း´။

                                                                မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)
လုပ်ပြစ်လိုက်စမ်းပါ လုပ်ပြစ်လိုက်
ထွေရာလေးပါးတွေကြားမှာ
နာကြားခြင်းဆိုတာကို ဘောင်တစ်ခုနဲ့ပိတ်မခက်ထားဘူးးး
သံဇာကာပေါက်ကြားကအမြင်နဲ့
ငါ့စကားလုံးတွေ ကြည့်တက်မှလည်း တောက်ပြောင်မှုဆိုမြင်မယ်
ကဲ....ကျုပ်ကျိန်ဆိုခဲ့တယ်..
စတီးခ၇ာသံအဆုံးမှာ အိမ်အတွက်ထမင်းဖိုးရှာခြင်း

ရုပ်တည်နဲ့ အခွန်စားဖို့ ရုံးရှေ့ဆိုင်းဘုတ်ချိတ်ခြင်း
ကဲ နောက်ဆုံးတစ်ခုကတော့

ကိုယ့်လူမျိုးပါးတစ်ချက်အရိုတ်ခံရမှာ
သုံးရက်လောက်နေမှ ဘာဘာညာညာဟိတ်ဟန်သုံးခြင်း

ဒီလိုနဲ့ မှောက်ခုံဖြစ်နေတဲ့မြန်မာပြည်ဟာ

ပက်လက်လှန်ဖို့ကြိုးစားးးရင်းးးးး

မှောက်ခုံကမှောက်ခုံဖြစ်ခြင်းးးတွေပါကျိန်ဆိုခဲ့လိုက်တယ်

မင်းနာကျင်စမ်းးးးးနာကိုနာကျင်ရမယ်..မင်းသေလိမ့်မယ်...မင်းနာကျင်းစမ်းးး

အဲ့ဒီဝါကျအဆုံးမှာ ရန်ကုန်ဟာ စင်္ကာပူလို ငြိမ်းချမ်းလင်းလတ်
ခက်ရွဲ့ရွဲ့နဲ့အိပ်စက်သွားးးးတယ်....။
                   မင်းခိုင်မြဲ(ကွမ်းခြံကုန်း)