This is span tag class This is span tag id -->

မင်းခိုင်မြဲ

Friday 20 April 2012

"စာရေးဆရာတစ်ယောက်ထံသို့"

သို့.....

စာရေးဆရာတစ်ယောက်ထံသို့...
 (၁)

မင်္ဂလာပါလူကြီးမင်းခင်ဗျာ..

ကျုပ် ကဗျာသမားစစ်စစ်တစ်ယောက်ပါ

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ဖို့

သူတောင်းစားချင်းခွပ်စောင်းခုတ်ဖို့

ကျုပ်ကလောင်နဲ့စိတ်ဓါတ်ကိုပြောင်းလဲဖို့

စကားလုံးတွေနဲ့ ဒိုင်ပင်ပြစ်ပြဖို့

ခင်ဗျားဘာတွေလုပ်ပြီးသွားပြီလဲ..။
(၂)

ကဲ...ကိုယ့်ဆရာ

မာနကိုရင်ကြားစေ့ထားဖို့အတွက်

ကဗျာတစ်ပုဒ်နဲ့ ဆန္ဒတွေကို

ဗြောင်းပြန်ကြီးလေချွန်ပြလိုက်တယ်

မကြည့်ဘဲနဲ့ ပစ်လိုက်တဲ့ ခဲ..

တစ်ချက်ထဲတည့်တည့်မှန်ရင်တော့

လူ့မိုက်ရိုင်းလို့ဆိုအုံးလေမလား

စိတ်တော့မရှိပါနဲ့..

ဒါဂျစ်ပစီတစ်ကောင်ရဲ့

ယဉ်ကျေးမှုပါးပါးလေးပါ။

(၃)
ဘ၀တစ်ခုရဲ့ ရင့်သန်မှုက

တစ်သီးတစ်သန့်ကြီးလွဲနေမှတော့

အမည်ခပ်ကြီးကြီးအစားထိုးပြနေစရာလား

ကဲ...ပဝေနသီကအကြောင်း

ရွှေထီးဆောင်းပြစရာမရှိပါဘူး

မရှိပါဘူးဆိုတာလဲ မရှိခဲ့လို့ပါ

မရှိဘူးဆိုတာလဲ မရှိခဲ့လို့လေ

ပြောနေကြတာပါပဲ

တစ်လောတုန်းက မောင်ချောနွယ်လဲ

လမ်းဘေးအိပ်လို့ လှဲတယ်တဲ့

အတိုအထွာတွေကြား သစ္စာနီတရားပြသွားတာ

လူသိရှင်ကြားဖုံးကွယ်ခြင်းတဲ့

အသက်ရှူသံခြင်းမတူတဲ့အတွက်

ကလောင်းတစ်ခု/တစ်ချောင်းအတွက်

ကျုပ်ရင်ဘတ် နောက်ထပ်ကင်ပွန်းမတတ်ဘူး

ဒါကဗျာသမားစစ်စစ်တစ်ယောက်ရဲ့

ခက်တင်းတင်းမတားလိုက်ရတဲ့

ဂကျိုးဂချောင်မာနတရားပဲ ။   ။

                                                     မင်းခိုင်မြဲ