This is span tag class This is span tag id -->

မင်းခိုင်မြဲ

Tuesday 24 April 2012

ဟန်နီ... နေ့ စွဲ များး... သို့

(၁)

တစ်နေ့ထဲမဟုတ်တဲ့ နေ့စွဲတွေမှာ

ဘယ်အရပ်ကိုရောက်ရောက်

ဘယ်ဇာတ်ကိုကက

ဘယ်တေးသွားကိုဆိုဆို

ဘယ်ခလုတ်ကိုဝင်တိုက်တိုက်

ယောင်းရမ်းခြင်း နှင့် သတိရခြင်းက

ရင်ဘတ်ထဲမှာ လွှာဆွဲခပ်ကြီးကြီးနဲ့ရယ်။

(၂)

ရှေ့အရပ်ကထွက်တဲ့ နေမင်းလဲ

လာရာကို ဘက်ဂီယာထိုးသွားတယ်...

မြေရနံ့သင်းသင်း ကိုဖော်ညွှန်းသွားတဲ့

မိုးစက်ပွင့်တွေလဲ မိုးပေါ်ပြန်ခုန်တက်သွားပြီ

နှစ်အချိုးတစ်တွေကြား

မရေးခြစ်ဖြစ်ချင်တဲ့ နှစ်လုံးသားသုံးစုံကြား

စိတ်က အတိတ်အား ခုန်ပျံကျော်လွှားသွားရဲ့။

(၃)

ခြေဦးနဲ့စိတ်ကူးက နှစ်ကိုယ့်တစ်စိတ်

အလှမ်းတိုင်းမောဟိုက်မှုတွေက

ပေါက်ကွဲလုနီးပါးမီးတောင်တစ်လုံး

ဖြစ်တည်မှုတွေထဲမှာ သို့လော..သို့လော

တွက်ချက်မှုတွေကို ငါဘယ်မေ့အုံးမလဲ"ဟန်နီ"။

(၄)

ကဲ....

စိတ်နဲ့လူနဲ့မကပ်တဲ့အချိန်

တန်းဖိုးတွေလဲ ရေထဲအစိမ်မခံတဲ့အချိန်

ငါ့မရှိတဲ့ကိုယ်က ငါ့ကိုသတ်တဲ့အချိန်

သူကမိဘစကား ရင်နားကပ်တဲ့အချိန်

ငါ့အိမ့်မက်ခါးတွေနဲ့ တိမ်အမျှင်လိုက်တွေကိုပါ

ဖျော်သောက်မိလိုက်ပြီပဲ။

                                                    မင်းခိုင်မြဲ