This is span tag class This is span tag id -->

မင်းခိုင်မြဲ

Sunday, 3 March 2013

ကျီးကန်း (မောင်ဖီလာ)

သူ့အသံက ဖမ်းဆုပ်ရခက်တဲ့ ပြဒါး
သမံတလင်းပေါ် လွတ်ကျသွားတဲ့ သေနတ်တစ်လက်
သူ ထပျံသွားတော့
ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း
သူ့အသားအရည်က
ပါးနပ်ဖျတ်လတ်ခြင်း
သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က
အမျိုးကိုထိရင် မချိအောင်နာတတ်သူ
သူ့အသည်းနှလုံးက
လူသွားလူလာများတဲ့ ပလက်ဖောင်း
သူပျံဝဲနေတဲ့ အနုပညာက
နေဆီ လွှင့်ပစ်လိုက်သော
အနက်ရောင် အ၀တ်စတစ်စ။     ။
(ပိတောက်မြေ မဂ္ဂဇင်း၊ အမှတ် – ၆၊ ဇွန်လ၊ ၂၀၀၃။)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)

Tuesday, 26 February 2013

Thursday, 10 January 2013

ခုနှစ် နှစ် အတွေး

လုပ်ယူလို့မရတဲ့လူဆုတ်

မင်းဟာ လူရှုပ်

ငါသေရင် သောင်ပြင်လွှတ်တဲ့

ခွေးတော့ ဖြစ်ကြတော့မယ်

အမေပြောသလိုပေါ့

ခုနှစ် နှစ်သားနားထဲမှာ

ဒီစကားအတည်လား။တွေး။


                                           မင်းခိုင်မြဲ

" ခေတ် သားရဲ"


ဒီကဗျာကို ချရေးလိုက်ဖို့

ထောက်ရှု့ထားတဲ့ ထုလျှောက်လွှာလိုသေးသလား

ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာတဲ့

ခင်ဗျားတို့ပြောပြောနေတဲ့ ဘာသာဘာဝကြီးကနေ

သိမှု့ကိုတွန်းရွှေ့ကြည့်လိုက်တော့

ဒီလိုကြီးထွက်ကျလာတယ်

အမိန့်အရ အချစ်လက်ထပ်ကတိပြုလွှာတဲ့ လားကွယ်

ဇွတ်ပဲ..

:) :) :) (ခိုင်မြဲ သုံးခါ တိတိ ပြုံး)

ဟိုက်!!! စောက်ရေးမပါတာတွေ စောက်ရေးပါလာရင်တော့

စောက်ပြသနာတွေတော့ တက်တော့မယ်

ဆိုးသလားဆိုကာ ထောင်းနေသူများ

အား...

ဒီနေရာမှာ အမိန့်အရများကို အမိန့်အရအပေါင်ဆိုင်က အစ

အမိန့်အရ အရက်ဖြူဆိုင် အလယ်

အမိန့််အရ ဖြိုးခွင်းခြင်း အလတ်

အမိန့်အရ ကိုယ့်မေကိုယ် -ိုးဖို့ အဆုံး ထိ

ဆုံးသွားရာကို

စိတ်သွားရာအထိ ဘောလီဘော ပုတ်ကြည့်မယ်..

အထားနဲ့အနေနဲ့ အထိနဲ့အညှိနဲ့ဝါကျများ

ခင်ဗျားတို့ပြောတဲ့ ကဗျု့ကြီးလား ဘာလား ညာလား မသိကြီးနဲ့

ခေတ်တစ်ခေတ်ရဲ့ သားရဲ ပီသဖြစ်ခဲ့တယ်။               ။


                               မင်းခိုင်မြဲ

Tuesday, 6 November 2012

"မျှော်လင့်ခြင်းကကြိုးပေါ်မှ ခေါ်ဝေါ်မိလိုက်တဲ့နာမ်စား"


"မျှော်လင့်ခြင်းကကြိုးပေါ်မှ ခေါ်ဝေါ်မိလိုက်တဲ့နာမ်စား"

တိုးတိုးလေးခေါ်မိလိုက်တဲ့ ရင်ဝှက်တမ်း

မှတ်ကျောက်တင်စရာမလိုတဲ့ မှတ်ကျောက်ဟာ

ရင်ဘတ်ထဲမှာ အလျားပြည့် အနံပြည့်

ခုန်ပေါက်နေတဲ့ Lyric ကဗျာတစ်ပုဒ်

တောက်စားမိလိုက်တဲ့အချိန်ဟာ ပလုံဆိုပြီးတောင်

မမြည်တွန်မိလိုက်တာဟာ အချိအပြည့်ကြီး /အချိန်အပြည့်ကြီး

ခံတွင်းတွေ့သွားတာလား ဒဏ်ရာဟာပြင်းပြင်းရသွားတာလား

ဘာလား ညာလား ဘယ်လား ညာလား

အဲ့သည် "လား" ပေါင်းများစွာထဲမှာ ရှိတယ်

ခင်ဗျားအရသာတွေ့နေတဲ့ ပေါ်ပြူလာထဲမှာရှိတယ်

ညနေခင်းရဲ့ ပြတွင်း/ပြတင်းပေါက်ထဲက ရှု့မျှာ်ခင်းထဲမှာရှိတယ်

မောင်မြတ်သူရဲ့ မြောင်းမြမြို့ကို ချစ်တဲ့စိတ်ထဲမှာလည်းရှိတယ်

ခင်ဗျား ကဗျာကို  သိတဲ့ သိမှုထဲမှာရှိတယ်..

ကိုနေမြဲ မိန်းမ ချိုပိန်းနောင်မေးသလို

(အဲ့သည်လိုပြောရင် အဆင်ပြေမလား) ဆိုသလို

လိုချင်လဲလိုမယ် ပိုချင်လဲပိုမယ်ထဲမှာလဲ ပါတယ်      ဟေ့လူ

ဒါဆို မောင်ချာလီရဲ့ စပ်ကူးမတ်ကူးကာလထဲမှာရှိအုံးမယ်

လှည်းတန်း-အင်းစိန်လမ်းမပေါ်မှာ တစ်ခါတစ်လေရှိတယ်

မောင်ယုပိုင်ရဲ့ ပထမဦးဆုံး အချစ်ကဗျာမှာရှိတယ်

ကုန်ကုန်ကို လုံလုံ ပြောရရင်

ကျွန်တော်ရဲ့ G mail ထဲမှာ မောင်မြတ်သူပြောတဲ့ ဖွဘုတ်ထဲမှာ

မောင်ပြည့်မင်းရဲ့ တကယ်ဆိုဖြစ်တဲ့သီချင်း ထဲမှာ

အခန်းထောင့်က အံဝှက်ထဲမှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ချိန် ထဲမှာ

ပင့်တင်လိုက်တဲ့ ဟောဒီ့စကားလုံးတွေထဲမှာ နှလုံးသားကိုထုခွဲ

ဂိုဏ်းမကွဲသေးတဲ့ စစ်တပ်ထဲမယ်လို အမျိုးသားအရေးထဲ

အမျိုးသမီးရေးပါ (မပါ) တဲ့ပြောသင့်လား မသိ (တသိ) ပြောမိတဲ့

ရင်ဝှက်တမ်းရဲ့အရေးသားဟာ  ထင်ရှူးပင်တန်းထဲ ဖို နဲ့ မ ဟာ

စိတ်မငြိမ် လက်မငြိမ် လို့  နိမ့်ပြီးပြောလိုက်မယ်..

ကျွန်တော့် ရင်ဘတ်ထဲက နာမ်စားဟာ "ငယ်"။              ။


                                                                            မင်းခိုင်မြဲ

Thursday, 11 October 2012

စိတ်အခြေအနေပြဇယား/သူ့အကြောင်း


အခန်းထဲမြည်သံပေးပြီး ထွက်လာတဲ့အရာက
မင်းအားကုန်ပြေးကန်လိုက်တဲ့ ဘောလုံးလို
သူ့အကြောင်းဟာ မှန်ပြတင်းကို ၀င်မှန်ပြီး
သူ့လျှာပေါ်ကျကွဲသွားတယ်။
အခုသူ့အကြောင်း အခန်းတံခါးကိုစောင့်ဖွင့်ပြီး
ဝရံတာက ထိုးပျံသွားတယ်
အခုသူ့အကြောင်း ကွာလာလန်ပူမြို့က
KLCC TOWER ပေါ်တက်နေပြီ
အခုသူဟာ မင်းရှေ့မှာလှလှကြီး လွှင့်မြောနေတယ်မို့လား
ညနက်နက်ထဲ မင်းရှေ့မှာတင် ပျော်ဝင်သွားပြီမို့လား
အခုသူ့အကြောင်း
မင်းမကောင်းဘူးဆိုတာ သတင်းလို အတင်းလို့
အတင်းလွှင့် သတင်းလွှင့်နေတယ်။
ဆယ်တန်းဂုဏ်ထူးသုံးဘာသာနဲ့ အောင်တယ်လို့ ညာတဲ့သူ့အကြောင်း
ရွာထိပ်က သောက်ရေကန်လို လူ့အကျိုးပြုတော့မယ်ဆိုတဲ့ သူ့အကြောင်း
သစ်သစ်လွင်လွင် သစ်ပင်ထပေါက်နိုင်တဲ့ သူ့အကြောင်း
အရမ်းပိန်သွားတယ် ညအိပ်မပျော်ရင် VITAHOMEသောက်ဆိုတဲ့
မင်းအမှာတော်ပါးသံကို သူမေ့နေတယ်
မင်းဆွယ်တာကောင်းကောင်း ထိုးတတ်တဲ့အကြောင်းကို သူမစဉ်းစားမိတော့ဘူးတဲ့
ရုပ်ရှင်ကြည့်တာနှစ်သက်ပြီး ယနေ့အထိ ရုပ်ရှင်ရုံမရောက်ဖူးတဲ့မင်းကိုလှောင်ပြောင်နေတယ်။
အခုသူ ကီလီမန်ဂျာရိုကတဲ့ ဇာတ်သဘင်ပွဲကို ပိုက်ဆံမပေးရတဲ့ရုံပေါက်က
မင်းကို စောင့်ကန်သွင်းသွားတယ်
သူဟာ စားပွဲခုံမှာ မင်းကိုထိုင်ခိုင်းပြီး ထထွက်သွားရင် အတော့် အတော်ကြာမှ
ပြန်ရောက်လာတယ်မို့လား
အခုသူ "လှလှကြီး" ကဗျာစာအုပ်ကို ဖတ်နေတယ်
အခု သူ အနှစ်သက်ဆုံးကလွင့်နေခြင်းပဲ
အခု သူ စက်ဘီးလေးစီးပြီး ထွက်သွားလိုက်တာ
မြောင်းမြသားသောက်ရူးတစ်ကောင်နဲ့သောက်ဖောင်းသွားထုတာဖြစ်မယ်
အခုသူ့အကြောင်းကို သူလစ်တာနဲ့ သူမကောင်းဘူးဆိုတာ
မင်းကောင်မလေးကိုပြောပြလိုက် လုပ်မယ်ဆိုရင် လုပ်ရမှဆိုတဲ့ သူ့အကြောင်း
သူကောင်းကောင်းသိတယ်
လွယ်အိတ်ကို ပခုံးမှာသိုင်းလွယ် ဘွဲ့ရပြီးသားစတိုင်နဲ့သူ့အကြောင်းကို
ယစ်ပလ္လင်ပေါ်ခေါင်းထိုးတင်ပြီး ဓါးနဲ့ခုတ်လဲ
ပုလ္လင်နဲ့ဓါးမှာ သူ့မနက်ဖြန်ဟာ ရမ္မက်ထန်ပြီး စွဲကျန်တယ်။           ။

PS: အရိပ်အချို့မိုးနေမယ်ဆိုတာတော့ ၀န်ခံပါတယ် ဆရာတို့ခင်ဗျာ..
      ကျွန်တော်မကျွမ်းကျင်တဲ့ဟန်နဲ့အရေးအသားမို့ပါ။  

                                                                                                 မင်းခိုင်မြဲ

Sunday, 7 October 2012

"မောင်းပြန်လာတဲ့အား/ ချစ်လက်စ တို့ မီးဆွဲခြင်း"


ခပ်ပြင်းပြင်းပြစ်လွှတ်လိုက်တဲ့ မောင်းပျံဓါးတစ်ချောင်းလို

မြို့ပြရဲ့ လက်တံပေါ်မှာ ညက ခပ်တည်တည်မျက်နှာထားနဲ့

နီယွန်မီးရောင်စုံအောက်မှာ ကျွန်မကိုအပင်းထည့်သွားတယ်

ကွေ့ကောက်သွားတဲ့ လောကမြစ် ကို တိုင်းထွာပြီး

ကိုယ့်ကြမ္မာနဲ့ကိုယ့်ကို တောက်ခတ် ဆဲရေးခံလိုက်ရတာပဲ။


အိပ်ရေးပျက်နေတဲ့ခုနှစ်က အထက်စီးဆန်ဆန်ပေါ်လွင်ပြီး

အခန်းကျဉ်ထဲ စကားလုံးကိုသပ်ပင်းထားတယ်

တင်စားမိလိုက်တဲ့ အရာက မီးစတစ်ဖက် ရေမှုတ်ကြီးတစ်ဖက်နဲ့ လမ်းလျှောက်ပြီးစီးဝင်တယ်

သက်ရှိကို သက်မဲ့ပြသလိုမျိုး အဲ့သည်လိုဂိုလေးထဲ ရှင်ကရှိတယ်

ကြားနားကြီးမှားပြီး နားကြားကြီးမမှားလိုက်နဲ့

လောင်းထည့်ခံလိုက်တဲ့ ကြက်သီး တစ်ဖြန်းဖြန်းဟာ

မှောက်ချင်ပင်မယ့် သွန်လို့မရ သွန်ချင်ပင်မယ့် မှောက်လို့မရနဲ့

ခန္ဓာကိုယ်ဟာ ရှင်ပြုသမျှနုရတုန်းကလို အာစီးခံလိုက်ရတာပဲ

ဘာကိုမှဖြတ်မကွေ့သေးပဲ တန်းတန်းကြီးလွှတ်ပြေးမိတဲ့အချိန်

ကိုယ်ယုန်ကတောင်ဘက်အပြေး ကိုယ်ခွေးကမြောက်ဘက်အလိုက်ပဲ။

ထောက်ခနဲပွင့်လာ တဲ့မောင်းပြန်ဓါးဟာ  အဲ့ဒီဝတ်လွှာကိုစားပြီး ပြန်အန်ထုတ်သွားတယ်

ခံတွင်းထဲငုံထားတဲ့ မြွေဟာ  အထီးဖြစ်လိုက် အမဖြစ်လိုက်နဲ့

ကိုယ့်ကိုယ်ကိုယ် မိတ်လိုက်မိရတာလဲ အခါခါပေါ့။



လောကအိုးကို ယမ်းအပြည့်ထည့်ပြီး မီးညှိပေးလိုက်တာပဲ

ကြည်ထိုးမောင်းတင်ထားတဲ့ သေနတ်ကို ပါးစပ်မှ တေ့ပြီးမောင်းဖြုတ်ချ


စိတ်ခုခုသွားတဲ့  ညကို ခက်ခက် ထုတ်ဖို့

ရှင့်ကို အပြီးတစ်ခါထဲမေးခဲ့လိုက်မယ်

အချစ်လွန်တိုင်း အမုန်းလွန်တာ သိပ်ကောင်းလွန်းတဲ့အရသာလား

သူ့မှာလည်းမောင်းပြန်လာတဲ့အားနဲ့ကျွန်မရဲ့ရေးလက်စမှာလည်း

လောင်မီးဆွဲလက်စနဲ့ ခြံထဲကပျိုးခင်းဟာ စိုက်လို့ကောင်းပြီး တူးဆွပေါင်းသင် လို့ကောင်းတုန်း။


                                                                    မင်းခိုင်မြဲ